ပရိသတ်တွေကို စိတ်ပူစေခဲ့တဲ့ ပါ့ခ်ဘွန်း

၆  ဇွန်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတ အဖွဲ့ 2NE1 ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သူ ပါ့ခ်ဘွန်းဟာ လတ်တလောမှာ ကျင်းပခဲ့တဲ့ (၅၆) ကြိမ်မြောက် Grand Bell Awards ဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။ အဆိုပါ ဆုပေးပွဲကို တက်ရောက်လာတဲ့ ပါ့ခ်ဘွန်းဟာ ယခင်က အသွင်အပြင်နဲ့ အတော်လေးခြားနားနေတာကြောင့် ပရိသတ်တွေက ပါ့ခ်ဘွန်းရဲ့ ကျန်းမာရေးအတွက် စိုးရိမ် ကြောင်း လူမှုကွန်ရက်မီဒီယာတွေပေါ်ကနေတစ်ဆင့် ရေးသားဖော်ပြခဲ့ကြတယ်လို့ အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

2NE1 အဖွဲ့ဖျက်သိမ်းပြီးနောက် တစ်ကိုယ်တော် တေးသံရှင်တစ်ဦးအဖြစ် လှုပ်ရှားနေတဲ့ ပါ့ခ်ဘွန်းဟာ ပရိသတ် ရှေ့ပေါ်ထွက်လာခဲပါတယ်။ ဒါပေမယ့် ဇွန် ၃ ရက်မှာ ပြုလုပ် ခဲ့တဲ့ Grand Bell Awards ဆုပေးပွဲကို တက်ရောက်ခဲ့ရာမှာ ကိုယ်အလေးချိန် အတော်လေးတိုးလာကာ မျက်နှာခွဲစိတ် ကုသမှုခံယူထားတာတွေဟာလည်း ယခင်နဲ့မတူဘဲ ပေါ့ပ် ကြယ်ပွင့်ရဲ့ အလှကို လျော့ကျစေခဲ့တာ တွေ့ရပါတယ်။

ပါ့ခ်ဘွန်း ကော်ဇောနီပေါ်လျှောက်လှမ်းတဲ့ ပုံရိပ်တွေကို မီဒီယာတွေက ဖော်ပြခဲ့ပြီးနောက်မှာတော့ ပရိသတ်တွေက လူမှုကွန်ရက်စာမျက်နှာတွေနဲ့ အွန်လိုင်းမီဒီယာတွေပေါ်မှာ ပါ့ခ်ဘွန်းနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ရေးသားဖော်ပြခဲ့ ကြပါတယ်။ အချို့သော ပရိသတ်တွေက ပါ့ခ်ဘွန်းကို အားပေး စကားပြောကြားထားပြီး အချို့ကတော့ ကျန်းမာရေးကို ပိုမိုဂရုစိုက်သင့်ကြောင်း ရေးသားဖော်ပြခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

အေးပြည့်