ပုဗ္ဗသီရိမြို့နယ်၌ ဗုံးသီးဟောင်း ၆ လုံး တွေ့ရှိ

နေပြည်တော် ၁၂ ဧပြီ 

 

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ငါးစိမ်းအင်းကျေးရွာနေ ဦးရဲလင်းအောင်(၂၇)နှစ် သည် ဧပြီ ၁၁ ရက် နံနက် ၁၀ နာရီက ၎င်း၏နေအိမ်အား ခြံစည်းရိုးခတ်ရန် ကျင်းတူးစဉ် အနက် ၂ ပေခန့် အရောက်၌ အလျား ၁ ပေ၊ အချင်း ၃ လက်မခန့် စိန်ပြောင်းဗုံးသီးဟောင်း ၆ လုံး အား တွေ့ရှိခဲ့သည်။ 

 

အဆိုပါဗုံးသီးများအား နယ်မြေခံတပ်မတော်မှ တပ်ဖွဲ့ဝင်များနှင့် ကျည်တောင်ကန် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးပြီး နယ်မြေခံတပ်မတော်မှ သိမ်းဆည်သွားကြောင်း သတင်းရရှိသည်။ 

 

(ရဲပြန်ကြား)