ပုလဲမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် နှစ်ထပ်တို့ချဲ့လူနာဆောင် ဆောက်လုပ်ခြင်းနှင့် လမ်းခင်းခြင်းလုပ်ငန်းများ အရည်အသွေး ပြည့်မီစေရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ အလျားပေ ၁၅၀၊  အနံ  ၅၆ ပေ၊ အမြင့်ပေ ၃၀ သံကူကွန်ကရစ် အမျိုးအစား နှစ်ထပ်တိုးချဲ့လူနာဆောင်သစ်ကို ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၁၆ ဒသမ ၅၆၇သန်းဖြင့် စိုးကြည်အောင်ကုမ္ပဏီက တာဝန်ယူ၍  ဆောက်လုပ်လျက်ရှိရာ  ဒီဇင်ဘာ ၁၀ ရက်  နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊  မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးချစ်ဆွေတို့က  လုပ်ငန်းအရည်အသွေး  ပြည့်မီစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

 

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးဇော်ထက်နှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏  ၂၀၁၈ခုနှစ် ပထမ ခြောက်လခွင့်ပြုရန်ပုံငွေ ကျပ်၂၉၆ ဒသမ ၀၆၈ သန်းဖြင့် White  Colour ကုမ္ပဏီက တာဝန်ယူ၍ ဆောင်ရွက်လျက်ရှိသည့်  ပဲခင်းမ- ကံသာ - သပြေရေ လမ်းအရှည်  ၆ မိုင် ၁ဖာလုံ၊ အကျယ် ၁၈ပေ၊ ထုထည် ၈လက်မရှိ ဂျင်းလမ်းနှင့်ပဲခင်းမ - အောင်သာလမ်း အရှည် ၁ မိုင်  ၅ ဖာလုံ၊ အကျယ် ၁၈ ပေ၊ ထုထည် ၈ လက်မရှိ မြေ+ဂျင်းလမ်းကို  ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ဂျင်း အရည်အသွေး ကောင်းမွန်မှုရှိရေး၊  သတ်မှတ်ထားသည့်  စံချိန်စံညွှန်း ပြည့်မီရေးနှင့် ရာသီမရွေးသွားလာနိုင်သော လမ်းမျိုးဖြစ်အောင်  စေတနာထားအားထည့်  ဆောင်ရွက်ပေးရန်လိုကြောင်း White Colour ကုမ္ပဏီမှ  တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်