ပုလဲမြို့နယ်တွင် အခြေခံပညာကျောင်း ၁၀၇ ကျောင်း အဆင့်တိုးမြှင့်ခွင့်ရရှိ

ပုလဲ ၆ ဇွန်
 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုး ၂ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အဆင့်တိုး ၁၁ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း အဆင့်တိုး ၃၈ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အဆင့်တိုး ၁၉ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း အဆင့်တိုး ၁၅ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း အဆင့်တိုး ၁၇ ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(ခွဲ) အဆင့်တိုး ၅ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၁၀၇ ကျောင်း အဆင့်တိုးမြှင့်ခွင့် ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 
ပုလဲမြို့နယ်ပညာရေးမှူးရုံး  ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းစိုးက "ကျွန်တော်တို့ မြို့နယ်အနေနဲ့ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ အခြေခံပညာအထက်တန်းကျောင်း အဆင့် တိုးမြှင့်ခွင့် ရရှိခဲ့တဲ့ ကျောင်းတွေကတော့ ပန်းရွာ-အထက(ခွဲ)နှင့် ကြက်ရင်း-အထက(ခွဲ)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အဆင့် တိုးမြှင့်ခွင့်ရရှိခဲ့တဲ့ ကျောင်းတွေကတော့ ရွာနောင်-အလက၊ လက်ပုကန်-အလက၊ ညောင်ကုန်း-အလက၊ တနယ်-အလက၊ မုံသွင်-အလက၊ ပုထိုးသာ-အလက၊နွယ်အင်း-အလက၊လယ်ဓမ္မ-အလက၊ ကျေးနင်းကြီး-အလက၊ တုန်းကန်-အလကနှင့် သစ်ကြီးတိုင်း-အလက၊ အခြေခံပညာအလယ်တန်းကျောင်းအဆင့် တိုးမြှင့်ခွင့်ရရှိခဲ့တဲ့ ကျောင်းတွေကတော့  ပဲခင်းမ - အလက( ခွဲ )၊ ကံကြီး - အလက( ခွဲ )၊ ချင်ပြစ်ကျင်း-အလက(ခွဲ)၊ ဘန့်ဘွေး-အလက(ခွဲ)၊ မင်းမအရှေ့-အလက(ခွဲ)၊ ကျောက်ကုန်း -အလက(ခွဲ)၊ကြောင်သန်း-အလက(ခွဲ)၊ သေတ္တရာ- အလက(ခွဲ)၊ အင်းကြင်းစု-အလက(ခွဲ)၊ ခေါ်သန္တီ-အလက(ခွဲ)၊ အေးချမ်းသာ-အလက(ခွဲ)၊ နှောရိုး-အလက(ခွဲ)၊ ခေါင်းပွာ-အလက(ခွဲ)၊ ဇိတ္တောင့်-အလက(ခွဲ)၊ ချောင်းဦး-အလက(ခွဲ)၊  အိုင်းမ -အလက(ခွဲ)၊ ပိတောက်ကုန်း(မြောက်)-အလက(ခွဲ)၊ သဲပြင်ကျယ်-အလက(ခွဲ)၊ ညောင်ပင်သာ-အလက(ခွဲ)၊ သရက်ကန်-အလက(ခွဲ)၊ ရွာထင်-အလက(ခွဲ)၊ မွေ့တုံ-အလက(ခွဲ)၊ ဝမ်းဘဲချိုင့်-အလက(ခွဲ)၊ နွယ်ရှောက်-အလက(ခွဲ)၊ ကံပေါက်-အလက(ခွဲ)၊ ချောင်းနား-အလက(ခွဲ)၊ ခင်အေး-အလက(ခွဲ)၊ မုံပင်-အလက(ခွဲ)၊ မိုးကောင်း-အလက(ခွဲ)၊ ရှားတော-အလက(ခွဲ)၊ နတ်ထိပ်-အလက(ခွဲ)၊ စစ်ရင်-အလက(ခွဲ)၊ ဇီးရင်း-အလက(ခွဲ)၊ ထန်းခင်းကြီး -အလက(ခွဲ)၊ ကျေးသမျှား-အလက(ခွဲ)၊ မင်းမ(အနောက်)-အလက(ခွဲ)၊ ကြိုပင်-အလက(ခွဲ)၊ အင်မထီး-အလက(ခွဲ)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အဆင့်တိုးမြှင့်ခွင့် ရရှိတဲ့ ကျောင်းတွေကတော့ ရေကြော-မူလွန်၊ ကုန်းရွာ-မူလွန်၊ ကျောက်ဆင်ထူး-မူလွန်၊ ကျွဲကျ-မူလွန်၊ ခင်သာ-မူလွန်၊ သပြေရေ-မူလွန်၊ ပြင်လှိုင်း-မူလွန်၊ ဆည်ကြီး-မူလွန်၊ ရေသာ-မူလွန်၊ (၅၇)မိုင်-မူလွန်၊ သံတောင်-မူလွန်၊ ပေါက်ပင်ချောက်-မူလွန်၊ ပေပင်-မူလွန်၊ ကျည်းပင်-မူလွန်၊ သက္ကယ်ကျင်း(အောက်)-မူလွန်၊ကံသာ-မူလွန်၊ လုပ်သား-မူလွန်၊ ကျော်တော-မူလွန်၊ ကျွန်းဘိုကုန်း-မူလွန်တို့ ဖြစ်ကြပါတယ်" ဟု ပြောသည်။

 
ဆက်လက်၍   အခြေခံပညာမူလတန်းလွန်ကျောင်း အဆင့်တိုးမြှင့်ခွင့် ရရှိခဲ့သော ကျောင်းများမှာ ချမ်းသာအောင်-အမက၊ ဖိုမိုးအိုက်-အမက၊ အင်တောပြန့်-အမက၊ ပုလဲမြိုင်-အမက၊ ငန်းချောင်း-အမက၊ ကြူခြံ-အမက၊ ခရု-အမက၊ အင်းကန်-အမက၊ ကံပေါက်-အမက၊ အောင်သာ-အမက၊ ကိုင်းချောင်း-အမက၊ တောင်ရွာသစ်-အမက၊ ဇီးပင်စခန်း-အမက၊ (၅၅)မိုင်-အမက၊ အောင်ချမ်းသာ-အမက၊ အခြေခံပညာမူလတန်းကျောင်း အဆင့်တိုးမြှင့်ခွင့် ရရှိခဲ့သော  ကျောင်းများမှာ ရွာမ(အထက်)-အမက(ခွဲ)၊ ရွာမတောစု-အမက(ခွဲ)၊ သရက်လှ-အမက(ခွဲ)၊ အုန်းပင်တော-အမက(ခွဲ)၊ ငြိမ်းချမ်းသာ- အမက(ခွဲ)၊ ကသောင်း-အမက(ခွဲ)၊ ရေချမ်းသာ - အမက(ခွဲ)၊ ခံတွင်းစခန်း-အမက(ခွဲ)၊ ပြောင်းခင်းကြီး- အမက(ခွဲ)၊ ဆည်ပြင်-အမက(ခွဲ)၊ စသာ-အမက(ခွဲ)၊ ကျောက်ရှော-အမက(ခွဲ)၊ ဇရစ်တော-အမက(ခွဲ)၊ ကျွဲနဖား- အမက(ခွဲ)၊ ၅၈/၅၉-အမက(ခွဲ)၊ ၅၈မိုင်-အမက(ခွဲ)၊ သရက်ချို-အမက(ခွဲ)၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) အဆင့်တိုးမြှင့်ခွင့် ရရှိခဲ့သော ကျောင်းများမှာ အေးချမ်းသာ- ကိုယ့်အားကိုယ်ကိုးကျောင်း၊ ဘူးလဲ-ကိုယ့်အားကိုယ်ကိုးကျောင်း၊ မဲချောင်း-ကိုယ့်အားကိုယ်ကိုးကျောင်း၊ သဲရက်-ကိုယ့်အားကိုယ်ကိုးကျောင်းနှင့် ရှေရှင်-ကိုယ့်အားကိုယ်ကိုးကျောင်း တို့ဖြစ်ကြပါတယ်ဟု ပုလဲမြို့နယ်ပညာရေးမှူးရုံး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းစိုးက ပြောသည်။

 
မင်းခန့်စိုး(ဇေယျာမြေ)