ပုလောမြို့နယ်၌ ဒသမအကြိမ် ဝိုင်အမ်ဘီအေ ယဉ်ကျေးမှု မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင် စာမေးပွဲ စာမေးပွဲအောင် အထူးဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပုလော  ၇   အောက်တိုဘာ                    

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ဒသမအကြိမ် ဝိုင်အမ်ဘီအေ ယဉ်ကျေးမှု မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ စာမေးပွဲအောင်အထူးဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို အောက်တိုဘာ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဝိုင်အမ်ဘီအေအသင်း နာယကဆရာတော် မင်္ဂလဓမ္မကေတိက အရှင်အဂ္ဂဉာဏ္ထ (မော်သာယာ ဆရာတော်) အမှာစကားပြောကြားကာ  ဝိုင်အမ်ဘီအေနာယက ဦးတင်ကြွယ်က YMBA အကြောင်းနှင့် ပတ်သက်၍ တင်ပြလျှောက်ထားခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများက ကဗျာ၊ လင်္ကာ၊ မင်္ဂလာကြွေးကြော်သံများကို ရွတ်ဖတ်ပူဇော်ခြင်းနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် (၇၀)ကြိမ်မြောက် ဝိုင်အမ်ဘီအေဗုဒ္ဖဝင်နှင့် (၃၈)ဖြာမင်္ဂလာစာမေးပွဲဝင်ရောက် ဖြေဆိုသည့် ကျောင်းသား/သူ (၂၈၂၃) ဦးအနက် ဗဟိုအထူးအောင် (၁)ဦး၊ မြို့နယ်အောင် ပထမ (၄၆)၊ ဒုတိယ (၃၆)၊ တတိယ (၂၂) ဦးနှင့် ရိုးရိုးအောင် (၂၃၆၆) ဦးတို့အား ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။

ပုလော(ပြန်ဆက်)