ပုလောမြို့နယ်ရှိ ဖိုးရှမ်းကမ်းခြေသို့ လာရောက်လှည့်ပတ်သူများပြား

ပုလော    ၁၃  အောက်တိုဘာ 

 

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်  တမုတ်တောင်ကျေးရွာ ဖိုးရှမ်းကမ်းခြေသို့ ရပ်ဝေးရပ်နီးမှ လာရောက်လှည့်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

သီတင်းကျွတ်ကာလ အစိုးရရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များ ဖြစ်တာကြောင့် ရပ်ဝေးရပ်နီးမှ မိဘပြည်သူများ၊ ဒေသခံပြည်သူများသည် မိမိတို့ အားလပ်ရက်အတွင်း မော်တော်ကားများ၊ မော်တော် ဆိုင်ကယ်များ၊ စက်လှေများဖြင့် ပုလောမြို့မှ (၃)မိုင်ခန့်ကွာဝေးသည့် ဖိုးရှမ်းကမ်းခြေသို့ လာရောက် လည်ပတ်ကြသည်။

 

လာရောက်လည်ပတ်သူများသည် ဖိုးရှမ်းကမ်းခြေ အလှအပကို ခံစားကာ ဆုတောင်းပြည့် စေတီတော် ဖူးမြှော်ခြင်း၊ ရေကူးခြင်း၊ ကမ်းခြေရှုခင်း အလှများဖြင့် ဓာတ်ပုံရိုက်ခြင်း၊ ပင်လယ်စာ(ရေစာ)များ စားသုံးခြင်းများဖြင့် မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်းများ စုပေါင်း၍ လာရောက်ပန်းဖြေသူ များပြားလျက်ရှိကြောင်း သိရသည်။

 

(ပုလော ပြန်/ဆက်)