ပုဏ္ဏားကျွန်းမြို့နယ်၌ “မြို”လူမျိုးတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ အခမဲ့ပြုလုပ်ပေး

ပုဏ္ဏားကျွန်း အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်(၄)ရပ်နှင့်အညီ “မြို” တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးစာရင်းများ အခမဲ့ပြုလုပ်ပေးခြင်းကို  ယမန်နေ့ နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ “မြို” လူမျိုးတိုင်းရင်းသား အမျိုးသား(၂၉)ဦး၊ အမျိုးသမီး(၄၀)၊ စုစုပေါင်း (၆၉)ဦးတို့ကို  အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့် ထံမှသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)