ပုံတောင်လမ်းဆင်းတွင် ယာဉ်တစ်စီး ချောက်အတွင်းသို့ ထိုးကျပြီး နှစ်ဦးသေဆုံး

ဂန့်ဂေါ ၃ နိုဝင်ဘာ

 

ယနေ့နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ပုံတောင်လမ်းဆင်း၊ မိုင်တိုင်အမှတ် (၆၇/၃)နှင့် (၆၇/၄)အကြားတွင် မော်တော်ယာဉ်တစ်စီး လမ်း၏ယာဘက်ရှိ ချောက်အတွင်းသို့ ထိုးကျပြီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

ယာဉ်တိမ်းမှောက်ရာသို့ ကျောနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး ယာဉ်တိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၈)နှင့် အမျိုးသမီး(၅)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၁)ဦး (သေဆုံး)တို့အား ဓမ္မစေတမန်နာရေးကူညီမှုယာဉ်ဖြင့် ကျောမြို့နယ် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

MDN

ဓာတ်ပုံ- MFSD