ပုသိမ်ကြီးမြို့နယ်၌ ငွေကျပ် ၂၄ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်   ဇန်နဝါရီ   ၁၄

 

ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၂၄ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၀ ရက် နံနက် ၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘို-မြစ်ငယ်သွား ကားလမ်း၊ မိုင်တိုင်အမှတ်(/) အနီးတွင် ရပ်တန့်ထားသည့် FUSO  ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ၎င်းယာဉ်နှင့် အတူ တိုင်းကျော်အားတွေ့ရှိပြီး ယာဉ်ပေါ်တွင် ကျောက်မီးသွေးများဖြင့် ဖုံးအုပ်ထားသည့် ဆာလာအိတ်များအတွင်းမှ ဒေသကာလ တန်ဖိုးငွေကျပ် ၂၄ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ,၀၀၀၊ စိတ်ကြွရူးသွပ်ဆေးပြား ၃ သန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်