ပုသိမ်မြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်း၌ စနေ၊ တနင်္ဂနွေရက်များတွင် စက်ချုပ် (အထူး)သင်တန်း ဖွင့်မည်

ပုသိမ် ၁၃  အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့  လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ အမျိုးသမီး စက်ချုပ်သင်တန်းများ ဖွင့်လှစ်ပေး လျက်ရှိကြောင်း သိရသည်။

 

ထို့သို့ ဖွင့်လှစ်သင်ကြားပေးရာတွင် (တနင်္လာနေ့မှ သောကြာနေ့အထိ) ပုံမှန်သင်တန်းများ၌ မတက်ရောက်နိုင်သူများအတွက် စနေ၊ တနင်္ဂနွေ ရက်များတွင် မိန်းမဝတ် (လက်မ)စက်ချုပ် အထူးသင်တန်းကို အောက်တိုဘာ ၁၉ မှ စ၍ တစ်လလျှင် (၈)ရက်ဖြင့် သင်တန်းကာလ (၃)လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်။

 

4

 

အဆိုပါ သင်တန်းသို့ တက်ရောက်လိုပါက ပုသိမ်မြို့၊ မင်းကြီးလမ်းရှိ အိမ်တွင်းမှု ပညာသင်ကျောင်းတွင် ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်၍ဖြစ်စေ၊ ဝ၄၂ ၂၅၃၇၃၊ ဝ၄၂၂၁၀၃၇ သို့ တယ်လီဖုန်းဖြင့်ဖြစ်စေ ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 

သင်တန်းကြေးအဖြစ် အခြေခံအတွက် ငွေကျပ်(၁၀ဝ၀ဝ)နှင့် အဆင့်မြင့်အတွက် ငွေကျပ်(၁၀ဝ၀ဝ) စုစုပေါင်း ငွေကျပ် (၂၀ဝ၀ဝ) သတ်မှတ်ထားပြီး စိတ်ပါဝင်စားသူ မည်သူမဆို သင်တန်း တက်ရောက်နိုင်ကြောင်း သိရသည်။

 

တိုးဝေဇင်(တိုင်းပြန်ဆက်)