ပုသိမ်မြို့ ကင်မလင်းကျွန်းကားကြီးကွင်း၌ ခရီးသွားများဖြင့် စည်ကားလျက်ရှိ

ပုသိမ် ၁၂ အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သီတင်းကျွတ်ကာလ ဌာနေပြန်ခရီးသည်များ များပြားခြင်းကြောင့် ပုသိမ်မြို့ ကင်မလင်းကျွန်းကားကြီးကွင်းရှိ အဝေးပြေးယာဉ်လိုင်းများမှ ယာဉ်လက်မှတ်များ ပိုမိုရောင်းချရကြောင်း ဂိတ်မှူးများ၏ ပြောပြချက်အရ သိရသည်။

 

1

 

အဝေးပြေးယာဉ်လိုင်း ဂိတ်မှူးတစ်ဉီးက သီတင်းကျွတ်ကာလမှာ ဌာနေပြန်ခရီးသည်များ အတော်များပြားကြောင်း၊ ကားလက်မှတ်များကို ကြိုတင်ရောင်းချရကြောင်း၊ ယခုအချိန်တွင် ဌာနေပြန်ခရီးသည်တွေ များပြားနေသည့်အတွက် ခရီးသည်များ သွားလာမှု လွယ်ကူချောမွေ့စေရန် ယာဉ်လိုင်းများကို ယခင်ထက် ပိုမိုပြေးဆွဲပေးနေရကြောင်း စသည်တို့ကို ရှင်းလင်းပြောပြသည်။

 

2

 

ပုသိမ်မြို့သည် အလုပ်သမားများ၊ အစိုးရဝန်ထမ်းများနှင့် အလည်အပတ်လာရောက်သည့် ခရီးသည်များ ပေါင်းစုံသည့် မြို့ဖြစ်ပြီး ကင်မလင်းကျွန်း ကားကြီးကွင်း၌ သီတင်းကျွတ် ရုံးပိတ်ရက်ကာလတွင် ယမန်နေ့ညအထိ ခရီးသွားလာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

 

တိုးဝေဇင်(တိုင်းပြန်/ဆက်)