ပုသိမ်မြို့ရှိ အဖျော်ယမကာစတိုးဆိုင်တွင် မီးလောင်မှုဖြစ်ပွား

ပုသိမ် ၂၈ မတ်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် အမှတ်(၃)ရပ်ကွက် မဟာဗန္ဓုလလမ်းရှိ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နေခြည်အဖျော်ယမကာ စတိုးဆိုင်တွင် မတ် ၂၇ ရက် ည ၈ နာရီ ၅၀ ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

11113

 

မီးလောင်မှု ဖြစ်ပွားကြောင်း ခရိုင်မီးသတ်စခန်းသို့ သတင်းပေးပို့ခြင်း၊တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန Command&Control Center မှ တွေ့ရှိရခြင်းတို့ကြောင့် တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူး ညွှန်ကြားရေးမှူး ဦးမျိုးလှိုင် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၆၇) ဦး၊ မီးငြိမ်းသတ်ယာဉ် ၇စီး၊ ရေသယ်ယာဉ် ၄ စီး၊ အထောက်အကူပြု ယာဉ်တစ်စီးတို့ ထွက်ခွာငြိမ်းသတ်ခဲ့ကြရာည ၉ နာရီ ၁၅ မိနစ်တွင်  ငြှိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုအကြောင်းရင်းကို ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

 

ပုသိမ်ခရိုင်ပြန်ဆက်