ပူတာအိုမြို့၌ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့သစ်ပင် စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် အရိပ်ရပင်များ စုပေါင်းစိုက်ပျိုး

 

ပူတာအို  ၂၇  ဇွန်

 

 

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့သစ်ပင် စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက ကချင်ပြည်နယ်၊ ပူတာအို - ဆွမ်ပရာဘွမ် - မြစ်ကြီးနား ပြည်ထောင်စု ကားလမ်းမကြီးဘေးရှိ ရာဇီကုန်းပန်းခြံ တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

ထိုသို့ သစ်ပင်စိုက်ပျိုးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သစ်ပင်ချစ်မြတ်နိုးသူများ စုပေါင်း၍ ကံ့ကော်ပင်များကို စုပေါင်း စိုက်ပျိုးခဲ့ကြသည်။

 

အဆိုပါသစ်ပင်စိုက်ပျိုးပွဲကို ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ် စိုက်ပျိုးခြင်းဖြစ်ပြီး ကံ့ကော်အပင်ပေါင်း (၁၅၀) ပင်ကို သတ်မှတ်ထားသည့်နေရာများတွင် စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင်ထံမှ သိရသည်။

 

ဖုန်ကန်(ပြန်/ဆက်)