ပူတာအိုမြို့နယ်အတွင်းရှိအသက် ၆၅နှစ်အထက်ဘိုးဖွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး(Sinopharm)စတင်ထိုးနှံ

ပူတာအို    ဩဂုတ်    ၅

 

ကချင်ပြည်နယ် ပူတာအိုမြို့တွင် အသက် ၆၅နှစ်အထက်သက်ကြီးရွယ်အိုများနှင့် ကာကွယ်ဆေးထိုး ရန်ကျန်ရှိသည့်ဝန်ထမ်းများအား တတိယအသုတ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) စတင်ထိုးနှံပေးခြင်းကို ဩဂုတ် ၄ ရက် နံနက် ၉ နာရီကစတင်ပြီး ပူတာအိုမြို့အခြေခံပညာအထက်တန်း ကျောင်း အောင်ဆန်းခန်းမ၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရ သည်။ 

 

ယင်းကာကွယ်ဆေးထိုးနှံပေးမှုကို ကျန်းမာရေးဝန်ကြီးဌာန၏ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်း ညွှန်ချက်နှင့်အညီ နံနက် ၉နာရီမှစတင်ပြီးထိုးနှံပေးခဲ့ရာ ကောင်ကထောင်ရပ်ကွက်နေဘိုး/ဖွား(၂၅၀)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး အခြားရပ်ကွက်ကျေးရွာများမှသက်ကြီးရွယ်အိုဘိုး/ဖွားများကိုလည်း နံနက် ၉ နာရီမှ ၁၂ နာရီအထိတစ်ကြိမ်နှင့် မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိတစ်ကြိမ် နေ့စဉ်ထိုးနှံပေးသွားမည်ဖြစ်ရာ ယခင် အသုတ်များကကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူသည့် ပြည်သူများအား စနစ်တကျဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်းသိရသည်။ 

 

ပူတာအိုမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)အလုံးရေ(၁၀၀၀)ကိုရရှိ ထားပြီး တစ်လုံးကို လူနှစ်ဦးနှုန်းဖြင့်လူဦးရေ (၂၀၀၀)ဦးကိုထိုးနှံပေးသွားမည်ဖြစ်ကာ ယင်းကာကွယ်ဆေး ကျန်ရှိပါ အသက်(60)နှစ်အထက်ဘိုး/ဖွားများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။ ကာကွယ်ဆေး ထိုးပေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့်ကျန်းမာရေးဝန်ထမ်းများက ထုတ်ပြန် ထားသော ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ ကျန်မားရေးစစ်ဆေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ သွေးပေါင် ချိန်တိုင်းတာပေးခြင်း၊ စနစ်တကျမှတ်တမ်းရေးသွင်းခြင်းများပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)စတင်ထိုးနှံပေးလျက်ရှိသည်။ 

 

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနေမှုအခြေအနေများကို အဆင်ပြေစွာဆောင်ရွက် နိုင်စေရေးအတွက် ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက အနီးကပ်ကြပ်မတ်ကာ လိုအပ်သည်များကိုကြည့်ရှုစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

ခရိုင်(ပြန်/ဆက်)