ပူတာအို၌ ကျောက်သယ်ကား တိမ်းမှောက်

ပူတာအို  ၁ သြဂုတ် 


ကချင်ပြည်နယ် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက် အထက်နမ်ထွမ်ရေအားလျှပ်စစ်လမ်းဆုံ၌ သြဂုတ်လ ၁ ရက် ညနေ ၄ နာရီအချိန်က Lifan အမျိုးအစားကျောက်သယ်ကားသည် သဲကျောက်ချနေစဉ် ဘီးတစ်ဖက်ကျွံကျ၍တိမ်းမှောက်ခဲ့သည်။


အဆိုပါအခင်းဖြစ်ပွားမှုကြောင့် ယာဉ်မောင်းနှင့်မည်သူတစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။


နောယော်ဘော်(စိတ်ပညာ)