PVC ပိုက်များတင်လာသည့် ယာဉ်တစ်စီးက ဆိုင်ကယ် ၅ စီးခန့်ကို ဆက်တိုက် ဝင်တိုက်မှု ဖြစ်ပွား

မန္တလေး  ၃ သြဂုတ် 


မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်အနီး ၅၈ လမ်းတစ်လျှောက်တွင် PVC ပိုက်များတင်လာသည့် ယာဉ်တစ်စီးက ဆိုင်ကယ် ၅ စီးခန့်ကို ဆက်တိုက်ဝင်ရောက်တိုက်မှု အခုလ ၂ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း စက်မှုနယ်မြေရဲစခန်းမှ သိရသည်။


သြဂုတ်လ ၂ ရက် ည  ၈ နာရီခွဲခန့်က PVC ပိုက်များ တင်ဆောင်လာသည့် ကားမှ ယာဉ်မောင်းသည် အရက်မူးကာ ယာဉ်မောင်းခဲ့ခြင်းကြောင့် လမ်းတွင်သွားလာနေသည့် ဆိုင်ကယ် ၅ စီးခန့်ကို ယာဉ်တိုက်မှု ဖြစ်ခဲ့ကြောင်း သိရသည်။


‘သိသလောက်က မူနေတယ်လို့ သိရတယ်။ ဆိုင်ကယ် ၅ စီးခန့်လို့ သိရတယ်။ ဒီလောက်မကဘူးလို့လည်း သိရတယ်။  နှစ်ယောက်လုံးကို နာရီပိုင်းအတွင်းမိတယ်’ဟု စက်မှုနယ်မြေရဲစခန်း ရဲအုပ်လှထွန်းအေးက ပြောသည်။


ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲထံ အပ်နှံခဲ့ကြောင်း သိရသည်။


အိမို့မို့ခိုင်