ရွာသစ်မြို့၌ အခြေခံရှမ်းတိုင်းရင်းသား စာပေ သင်ရိုးညွှန်းတမ်း စတင်သင်ကြားပေး

ရွာသစ် ၁၆ ဇွန်

 

ကယားပြည်နယ်-ဘောလခဲခရိုင်-ရွာသစ်မြို့တွင် အခြေခံ ရှမ်းတိုင်းရင်းသား စာပေသင်ရိုးညွှန်းတမ်းသင်ကြားခြင်းကို ဇွန်လ ၁၆ ရက်မှ စတင်၍ အပတ်စဉ် စနေနေ့ တိုင်း နံနက် ၈ နာရီမှ ၁၂ နာရီ အထိ အခြေခံပညာအထက်တန်းကျောင်း၌ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အခြေခံရှမ်းတိုင်းရင်းသားစာပေ သင်ရိုးညွှန်းတမ်း သင်ကြားမှုတွင် ဆရာမ (၆)ဦးဖြင့် G1(၁၄)ဦး၊G2(၃၁)ဦး၊ G4(၂၁)ဦး၊ G5 (၃၈)ဦးစုစုပေါင်း ကျောင်းသား/သူ(၁၀၄)ဦး တက်ရောက် သင်ကြားကြကြောင်း သတင်းရရှိသည်။

 

နန်းဆွေဆွေအေး(ပြန်/ဆက်)