ရောဘတ်ဒေါင်နေး ဂျူနီယာရဲ့ Iron Man ဝတ်စုံ အခိုးခံရ

လော့စ်အိန်ဂျလိစ်  မေ  ၁၀

 

The Avengers လူစွမ်းကောင်ရုပ်ရှင်ဇာတ်လမ်းတွဲများရဲ့ ပင်တိုင်သရုပ်ဆောင် ရောဘတ်ဒေါင်နေး ဂျူနီယာ ဝတ်ဆင်တဲ့ Iron Man ဝတ်စုံခိုးခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

၂၀ဝ၈ ခုနှစ်က စတင်ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲမှာ  စူပါဟီးရိုးဇာတ်ကောင် ဝတ်ဆင်တဲ့ ရွှေရောင်နဲ့ အနီရောင်ဝတ်စုံဟာ သိမ်းဆည်းထားတဲ့နေရာကနေ ပျောက်ဆုံးသွားကြောင်း မေလ ၈ ရက် အင်္ဂါနေ့မှာ တိုင်ကြားခံခဲ့ရတယ်လို့ လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့ ကပြောပါတယ်။

 

ဝတ်စုံသိမ်းဆည်းသူရဲ့ အပြောအရ အဆိုပါ အထင်ကရ ဇာတ်ကောင်ဝတ်စုံဟာ အမေရိကန်ဒေါ်လာ ၃၂၅၀ဝ၀ ခန့်တန်ကြေးရှိလိမ့်မယ်လို့ ရဲအရာရှိ ခရစ်စတိုဖာ နိုးက AFP ကိုပြောပါတယ်။ ဝတ်စုံကို လော့စ်အိန်ဂျလိစ် မြောက်ပိုင်းမြို့လယ်က Pacoima ရှိ သိုလှောင်ရုံမှာ ဖေဖော်ဝါရီလကနေ ဧပြီလ ၂၅ ရက်နေ့အထိ ထားရှိခဲ့တာဖြစ်ပါတယ်။

 

ထူးထူးဆန်းဆန်း ဝတ်စုံခိုးယူခံရမှုနဲ့ ပတ်သက်ပြီး စုံစမ်းထောက်လှမ်းမှုတွေ အခုအချန်ထိ ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

 

(MDN)

 

ကိုးကား-AFP