ရော်ဂျာဖက်ဒဲရာကို အနိုင်ရပြီး ဂျိုကိုဗစ် သြစတြေးလျအိုးပင်း နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်း

mdn

ဆားဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်ဟာ ဩစတြေးလျ အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ရော်ဂျာဖက်ဒဲရာကို အနိုင်ရရှိခဲ့တာကြောင့် နောက်ဆုံး “ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။

 

ဂျိုကိုဗစ်ဟာ ဖက်ဒဲရာကို ၇-၆(၇-၁)၊ ၆-၄၊ ၆-၃နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဂျိုကိုဗစ်အနေနဲ့ အမျိုးသားတစ်ဦး ချင်း တင်းနစ်ပြိုင်ပွဲမှာ (၁၇)ကြိမ်မြောက် ဂရန်းဆလမ်း ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်ထားတာလည်းဖြစ်ပါ တယ်။ ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း နောက်ဆုံးဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂ ရက်မှာကျင်းပမှာဖြစ်ပြီး ဂျိုကိုဗစ်အနေနဲ့ အခြားဆီမီးဖိုင်နယ်ပွဲစဉ်ကနေ ဗိုလ်လုပွဲတက်လာမယ့် ဒိုမီနှစ်သီယမ် သို့မဟုတ် အက်လက်ဇန်းဒါးဗီရက်ဇ်နဲ့ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

 

ဆွစ်ဇာလန်ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမား ရော်ဂျာဖက်ဒဲရဟာ အမျိုးသားတစ်ဦးချင်း ဂရန်းဆလမ်း ဆုဖလားကို အကြိမ် ၂၀ အထိ ကိုင်မြှောက်အောင်ပွဲခံနိုင်ခဲ့ သူဖြစ်ပြီး ဂျိုကိုဗစ်ကတော့ အမျိုးသားတစ်ဦးချင်း ဂရန်း ဆလမ်းဆုဖလားကို ၁၆ ကြိမ်သာ ဆွတ်ခူးထားနိုင်ခဲ့သေး တာဖြစ်ပါတယ်။ ဒါပေမယ့် အသက်အရွယ်အရ ဖက်ဒဲရာက ၃၈ နှစ်၊ ဂျိုကိုဗစ်က ၃၂ နှစ်ဖြစ်တာမို့ ရော်ဂျာဖက်ဒဲရာရဲ့ အမျိုးသားတစ်ဦးချင်းစံချိန်ကို ဂျိုကိုဗစ်အနေနဲ့ လိုက်မီဖို့ရှိ နေတာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ဩစတြေးလျအိုးပင်း တင်းနစ်ဆုဖလားကို ခုနှစ်ကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့တာ ကြောင့် အခုတစ်ကြိမ်ဟာ သူ့အတွက် ရှစ်ကြိမ်မြောက် ဩစတြေးလျအိုးပင်းတင်းနှစ်ဖလား ဖြစ်လာဖို့လည်း ရေပန်းစားနေတာဖြစ်ပါတယ်။

 

ငွေကြယ်