ရောဂါအခံရှိသူများနှင့် မိသားစုဝင်များ COVID -19  ကာကွယ်ရေးကို အထူးဂရုစိုက်သင့်

ရန်ကုန် ၃၀  စက်တင်ဘာ

COVID -19 ကြောင့် သေဆုံးသူများထဲတွင် အများစုသည် ဆီးချို၊ သွေးတိုးနှင့် အခြားရောဂါအခံရှိသူများ ဖြစ်ကြောင်း ကျန်းမာရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

ကိုရိုနာဗိုင်းရပ်စ် COVID -19  ရောဂါကြောင့် လူငယ်များတွင် သေဆုံးနှုန်း ၀ ဒသမ  ၂ ရာခိုင်နှုန်းရှိပြီး အသက်အရွယ် ကြီးလာတာနှင့်အမျှ ရာခိုင်နှုန်းပိုများလာကာ အသက် (၈၀)အရွယ်ဆိုလျှင် သေဆုံးနှုန်း ၂၀ ရာခိုင်နှုန်း အထက်တွင် ရှိနေသည်။

 

မြန်မာနိုင်ငံတွင် ဆီးချိုရောဂါဖြစ်ပွားသူ (၅)သန်းခန့်ရှိပြီး သွေးတိုးရောဂါဖြစ်ပွားနေသူ (၁၀)သန်းခန့် ရှိကာ နိုင်ငံ့လူဦးရေ၏ ၂၆ ရာခိုင်နှုန်း ရှိနေသည်။ ယခုလိုကာလတွင် ရောဂါအခံရှိသူများနှင့် မိသားစုဝင်များသည်  COVID-19  ကာကွယ်ရေးကို အထူးဂရုစိုက် သင့်ကြောင်းနှင့် ဆေးဝါးဖြန့်ဖြူး ရောင်းချသော ကုမ္ပဏီများအနေနှင့် ဆေးဝါးပြတ်လပ်မှုမရှိအောင် (၂)နှစ်တာကာလ ကြိုတင်တွက်ချက် စုဆောင်းထားသင့်ကြောင်းကို ဆေးတက္ကသိုလ် (၂) ဆီးချိုနှင့် ဟော်မုန်းရောဂါအထူးကုဆေးပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာကိုကို  က အကြံပြုပြောကြားထားကြောင်း သိရသည်။

#MRTV