ရေဘေးကယ်ဆယ်ရေး ဆိုင်းဘုတ်တပ်မောင်းနှင်လာသော ခြောက်ဘီးယာဉ်ပေါ်မှ ပျဉ်းကတိုးသစ်များ သိမ်းဆည်းရမိ

သထုံ  ၂၂   သြဂုတ် 


မွန်ပြည်နယ် သထုံမြို့ ပေါ်တော်မူကျေးရွာ၌ သြဂုတ်၂၂ ရက် နေလယ် ၁၂ ခွဲ အချိန်ခန့်က သထုံခရိုင် မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ်ကျော်လင်းဦးနှင့် တပ်ဖွဲ့ဝင်များ ပေါ်တော်မှုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ရန်ကုန်ဘက်မှမော်လမြိုင်ဘက်သို့ ယာဉ်မောင်းဦးမြင့်ဇော်(ခ)ကိုချောကြီး ယာဉ်နောက်လိုက် ဦးယာဉ်ထွေး(ခ)ကိုပေါက်နှင့် ဇေယျာမင်း(ခ)အန်းကုန်း၊ ဦးတင့်လွင်တို့လိုက်ပါလာကြသော ခြောက်ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ (လျှာထိုးပျဉ်)များ ဆိုက်စုံ (၃ ဒသမ ၆၅၇၂)တန် ကို သိမ်းဆည်းရမိခဲ့သည်။


ဖြစ်စဉ်အရ ပျဉ်းကတိုး(လျှာထိုးပျဉ်များ) တရားမဝင်သယ်ဆောင် မောင်းနှင်လာသူ လေးဦးကို  သထုံမြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


လှိုင်ထွန်းအောင်(သထုံ)

 

eceived_4