ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ထောက်ပံ့ရေး ပစ္စည်းများ လာရောက်လှူဒါန်းသူ များပြား 

ကျိုက်မရော   ၁၅    သြဂုတ် 


မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် သြဂုတ် ၄ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး အတ္တရံမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့သဖြင့် မြို့ပေါ်ရက်ကွက်နှင့် ကျေးရွာပေါင်း ၃၁ရွာ တို့တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ပြီး ရေဘေးသင့် ပြည်သူ ၅၅၀ဝ၀ ခန့်နှင့် ကယ်ဆယ်ရေးစခန်း ၁၃ ခုအထိ ဖွင့်လှစ်ခဲ့ရကြောင်း သိရသည်။


အဆိုပါ ရေဘေးသင့် ပြည်သူများအတွက် မြန်မာပြည် အနယ်နယ် အရပ်ရပ်မှ စေတနာရှင် ပြည်သူများမှ ဆန်အိတ်များ၊ ဆီပုံးများ၊ အသင့်စားထမင်းဘူးများ၊ ခြောက် ဆွဲ ခြောက်များ မီးဖိုချောင်သုံးပစ္စည်းများ၊ ပန်းကန်အိုးခွက်၊ အလှကုန်ပစ္စည်းများနှင့် ငွေသားများကို လာရောက်လှူဒါန်းလျက်ရှိသည်။ 


ယင်းသို့ လာရောက်လှူဒါန်းကြရာတွင် ဆန်အိတ်ပေါင်း သုံးထောင်၊ အခြားအိမ်သုံးကုန် ပစ္စည်းများနှင့် ငွေကျပ် သိန်းနှစ်ရာကျော် အလှူခံရရှိထားပြီးဖြစ်ကြောင်း ရေဘေးကယ်ဆယ်ရေး အဖွဲ့ကွပ်ကဲမှုရုံးမှ သိရသည်။


 ချိုမြတ်မြတ်ထွေး(ကျိုက်မရော)