ရွှေဘို၊ မဘိမ်းနှင့် လောက်ကိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၅  ဇူလိုင် 


ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းတွင် သတင်းအရ ရွှေဘိုမြို့ အမှတ်(၅)ရပ်ကွက်ရှိ စားသောက်ဆိုင်အတွင်း ဝင်ရောက်ရှာဖွေရာ ကျော်ကျော်ထွန်း နှင့် နေမင်းဦး   တို့အားတွေ့ရှိရပြီး ၎င်းတို့နှစ်ဦးထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၈,၁၇၄ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေ သုည ဒသမ ၀၅ ကီလို၊ မြန်မာငွေကျပ် ၁၁,၅၀၀ နှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ကို လည်းကောင်း၊ 


အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေဘိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကြီးအောင် လမ်းမကြီး၊ ပန်းခြံဘေးတွင် ဇော်မျိုးထက် မောင်းနှင်ပြီး ဝင်းဖြိုးခိုင် လိုက်ပါလာသည့် မော်တော်ဆိုင် ကယ်အားရပ်တန့်ရှာဖွေရာ ငွေကျပ် ၁၅၁၇ ဒသမ ၅ သိန်း၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၇၀၀  နှင့် စိတ်ကြွဆေးပြားအကြေ သုည ဒသမ ၀၆၅ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သည်။


အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူပေါင်းအဖွဲ့သည် လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ လုံထန်ကျေး ရွာအုပ်စု၊ အိုက်ကျော်ကျိုင်း ကျေးရွာနေ ချိန်ယုံအန်း၏ နေအိမ်အားရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၁၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ တို့ကိုလည်းကောင်း၊ 


ထို့အတူ ဇူလိုင် ၂၃ ရက် ၇ နာရီခွဲတွင် မိုးမိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မဘိမ်း မြို့နယ်၊ ငါးအိုးကျေးရွာအုပ်စု၊ ပြချောင်းကျေးရွာ အနီးတွင် ဝင်းသူ မောင်းနှင်လာသော မော်တော်ဆိုင်ကယ် ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၇,၇၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ရဲပြန်ကြား