ရွှေဘိုမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ရှစ်ဦး ဆေးရုံဆင်းခွင့် ရရှိ

ရွှေဘို၊ ၁၇ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ယာယီဆေးရုံတွင် ကုသမှုခံယူနေသည့်  ကိုဗစ်-၁၉ အတည်ပြုလူနာ ရှစ်ဦးကို  ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက   ဆေးရုံဆင်းခွင့်ပေးလိုက်ကြောင်း ရွှေဘိုမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်က ပြောပြသည်။

 

ဆေးရုံဆင်းခွင့်ရသူများမှာ ကောလင်းမြို့မှ အမျိုးသားတစ်ဦးနှင့် ရွှေဘိုမြို့မှ အမျိုးသား သုံးဦး၊ အမျိုးသမီး လေးဦး  စုစုပေါင်း ရှစ်ဦး ဖြစ်ကြောင်း သိရသည်။

 

ဆေးရုံဆင်းခွင့်ရသူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေအိမ်တွင် ခုနစ်ရက် အသွားအလာ ကန့်သတ်နေထိုင်ရမည်ဖြစ်ပြီး ရွှေဘိုမြို့နယ်တွင် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းအထိ အတည်ပြုလူနာ ၁၅၂ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၀၅ ရှိကြောင်း သိရသည်။

 

 မိုးသောက်(ရွှေဘို)