ရွှေဘိုမြို့နယ် သီးလုံးကျေးရွာတွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ရွှေဘို   ၃၁  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် သီးလုံးကျေးရွာတွင် ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၁ ရက် နံနက် ၉ နာရီခွဲက ရွှေဘိုမြို့နယ် သီးလုံးကျေးရွာတွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ်(၃) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ ရဲတပ်ဖွဲ့ဝင် (၅) ဦး၊ ကျေးရွာနေပြည်သူ (၂၅၀) ဦးတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅၀ တွင် မီးထိန်းနိုင်၍ နံနက် ၁၀ နာရီတွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

mdn

 

မီးလောင်မှုဖြစ်ပွားရခြင်းမှာ သီးလုံးကျေးရွာနေ ဦးထွန်းလင်း (၅၁) နှစ်၏ (၃၀ × ၈၀ × ၁၅) ပေ ထရံကာ သွပ်မိုးမြေစိုက်နေအိမ်ရှိ မီးအားမြှင့်စက် အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ လူနေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးထွန်းလင်းအား ရွှေဘိုမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)

 

mdn