ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်အကြို ဆင့်ပွားသင်တန်းဖွင့်လှစ်

ရမည်းသင်း  ၈      သြဂုတ် 

 

ရမည်းသင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်အကြို ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီတွင်   ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦး စီးဌာနရုံး Community Centre ၌ ဖွင့်လှစ်ခဲ့ပါသည်။

 

အဆိုပါသင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေများ၊ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်များ၊ ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စက်ဝန်းနှင့်   မဟာဗျူဟာစီမံကိန်းပန်းတိုင်များ၊   မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာအငြင်းပွားမှုများဖြေရှင်းခြင်း၊  မီဒီယာနှင့် အခြားပြင်ပဆက်သွယ်ဆောင်ရွက်မှုများ၊ မဲပေးခြင်း၊ မဲရေတွက် ခြင်း၊ ရလဒ်များထုတ်ပြန်ကြေညာခြင်း၊ ပြည်တွင်းပြည်ပစောင့်ကြည့်လေ့လာမှုများကို စီမံခန့်ခွဲခြင်းစသည့် ဘာသာ ရပ်များကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံတင့်နှင့် အဖွဲ့ဝင်ဒေါ်ခင်နွဲ့၊ ဦးဇော်မင်းစိုး၊ဦးမောင်မောင်တင် တို့က ပို့ချခဲ့ပါသည်။

 

 

ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်အကြို ဆင့်ပွားသင်တန်းသို့ ရမည်းသင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝင်(၈)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို (၂)ရက်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

 နေလင်းအောင်(ပြန်/ဆက်)