ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်အကြို ဆရာဖြစ် ဆင့်ပွားသင်တန်းဖွင့်

ဂန့်ဂေါ ၃၀  ဇူလိုင် 

ဂန့်ဂေါခရိုင် ရွေးကောက်ပွဲကျင်းပရေးကော်မရှင်အဖွဲ့ခွဲက ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင် အကြို ဆရာဖြစ် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ဂန့်ဂေါမြို့ အောင်စည်ဟိန်း မိုတယ်တွင် ပြုလုပ်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဝင်းက အမှာစကား ပြောကြားသည်။

 

 

သင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်၊ ဖွဲ့စည်းပုံ လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် လုပ်ဆောင်ရမည့်အခန်းကဏ္ဍနှင့် တာဝန်များ၊ လိုက်နာရမည့်ကျင့်ဝတ်များ စသည်တို့အပါအဝင် ကဏ္ဍ ၁၃ ခန်းကို ပို့ချဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ 

သင်တန်းသို့ ဂန့်ဂေါခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ဂန့်ဂေါမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များ ၊ ရုံးဝန်ထမ်းများ ၁၅ ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂ ရက်ဖြစ်သည်။ 

ခရိုင်ပြန်/ဆက်