ရွှေကမ္ဘာလုံးဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးသော ကိုရီးယားရုပ်ရှင် Parasite

၇  ဇန်နဝါရီ

တောင်ကိုရီးယားရဲ့ ကျဉ်ကြားတဲ့ ရုပ်ရှင်တစ်ကားဖြစ်တဲ့ Parasite ဟာ လတ်တလောပြုလုပ်ခဲ့တဲ့ ဟောလိဝုဒ်ရဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံး နိုင်ငံခြား ဘာသာစကားရုပ်ရှင်အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ တောင်ကိုရီးယားရုပ်ရှင်တွေအ နက် Parasite ရုပ်ရှင် ရွှေကမ္ဘာလုံးဆုကို ဆွတ်ခူးနိုင်ခဲ့တာ ပထမဆုံးဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်မှာ (၇၇) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို လော့စ်အန်ဂျလိစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါဆုပေးပွဲမှာ Parasite က အကောင်းဆုံး နိုင်ငံခြားဘာသာစကား ရုပ်ရှင်အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ကြောင်းလည်း သိရပါတယ်။

ဆုပေးပွဲအခမ်းအနားကို အဆိုပါရုပ်ရှင်ရဲ့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ကျောင်းကန်ဟို၊ ဂျိုရယ်ဂျောင်နဲ့ လီဂျန်ဟွန်းတို့အပြင် ဒါရိုက်တာဘွန်ဂျွန်ဟိုလည်း တက်ရောက်ကာ ထူးချွန်ဆု လက်ခံရယူအပြီး အမှတ်တရစကား ပြောကြားခဲ့ပါတယ်။ Parasite ဟာ ယခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲ ဆန်ခါတင်စာရင်းမှာ ဆုနေရာသုံးဆုအတွက် လျာထားခံရပြီး အဲဒီအထဲကမှ အကောင်းဆုံး နိုင်ငံခြားဘာသာ စကားရုပ်ရှင်ဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အေးပြည့်