ရွှေကျင်မြို့နယ်၌ ပိုလီယို၊ ဝက်သက်နှင့် ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေး

ရွှေကျင်  ၂၅   အောက်တိုဘာ 

 

ပိုလီယို၊ ဝက်သက်နှင့်ဂျိုက်သိုး​​ဆေးကာကွယ်​​​ဆေး အပို​ဆောင်းတိုက်​​​ကျွေး​​ခြင်း အခမ်းအနားကို​အောက်တိုဘာ ၂၅ ရက်နေ့ နံနက် ၈ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ရွေကျင်မြို့နယ်၊ ရွှေကျင်မြို့ တရုပ်တန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူ းဒေါက်တာကိုဦး၊ ရွှေကျင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း၊ ရွှေကျင်အခြေချစစ်ဗျူ ဟာအဖွဲ့မှဗိုလ်မှူးမင်းမင်းထိုက်၊ ဆေးကျင်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းဝင်းတို့က ပိုလီယို၊ ဝက်သက်နှင့် ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်း အခမ်းအနားဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကာကွယ်ဆေးထိုးရန်/ တိုက်ကျွေးရန် လာရောက်ကြသည့် ကလေးငယ်များအား လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်အတူ ပိုလီယိုကာကွယ်ဆေးများ တိုက်ကျွေးပြီး လက်ဆောင်ပစ္စည်းများကိုလည်း ပေးအပ်ခဲ့ကြသည်။

 

1

 

ရွှေကျင်မြို့နယ်တွင် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းသည် ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ကာကွယ်ဆေးတိုက်ကျွေးမည့် နေရာများအနေဖြင့် မြို့ပေါ်ရပ်ကွက်များတွင်(၃၂)ခု၊ ရပ်ကွက်/ကျေးရွာများတွင်(၁၄၄)ခု ဖွင့်လှစ်ထားပြီး ကလေးငယ်ပေါင်း(၁၃၆၇၉)ဦးကို တိုက်ကျွေးပေးမည့်အပြင် အပိုဆောင်း ဝက်သက်/ ဂျိုက်သိုးကာကွယ်ဆေး ထိုးနှံပေးခြင်းကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပိုလီယို၊ ဝက်သက်နှင့် ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းအား ပဲခူးတိုင်းဒေသကြီးအတွင်း ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် အောက်တိုဘာ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဆောင်ရွက်​ပေးသွားမည်ဖြစ်ပြီး ကျန်မြို့နယ်များ၌ လည်းနိုဝင်ဘာ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

နေလင်း(ညောင်လေးပင်)