ရွှေကျင်ငါးချဉ်နှင့် “ အဟမ်း ’’ ဟင်း

ရွှေကျင်မြို့ကထွက်တဲ့ ငါးချဉ်က မန္တလေးထိုးမုန့်၊ပုသိမ်ဟာလဝါတို့လိုပဲ နာမည်ကြီးတဲ့ဒေသအစားအစာပါ၊ ရွှေကျင်ငါးချဉ်ဆိုတာက ရွှေကျင်ချောင်းထဲကရတဲ့ ငါးလူး၊ငါးသိုင်းငါးလေးတွေကို  ရေမိုးသန့်စင်ခုတ်စဉ်ပြီး ဆား အနေတော်ထည့်ကာ ထမင်းမာမာနဲ့ သိပ်ထားတဲ့ ဓားလှီးအသာချဉ်ပါ။ပဲခူးသနပ်ပင်ဘက်ကထွက်တဲ့ ငါးချဉ် ကတော့ ငါးတောင်စင်း၊ငါးခုံးမ စတဲ့ငါးအသေးလေးတွေကို အကောင်းလိုက်သိပ်တဲ့ ငါးလေးချဉ်ပေါ့။

 

ရွှေကျင်သူ ရွှေကျင်သားများဟာ ဘယ်နေရာ ဘယ်ဒေသရောက်ရောက်သူတို့ရဲ့ဒေသထွက် ရွှေကျင်ငါးချဉ်ကို မေ့မသွားကြပါဘူး။ရွှေကျင်မှာဆိုရင်တရုတ်တန်းတစ်ရပ်လုံး ငါးချဉ်လုပ်ကြတာပါ၊အဲသည်ရပ်ကွက်ဘက်သွား ရင် ငါးချဉ်ငါးစဉ်းတဲ့ တတောက်တောက်အသံတွေ ညံနေတာပါပဲ။အဲသည်ခေတ်အခါက ဒေါ်ပိန်သေးငါးချဉ်က နာမည်ကြီးပါ။ငါးချဉ်ဝယ်ရင် ဓားနဲ့အတုံးငယ်ကလေးတွေလှီးပြီး အမြည်းပေးတတ်ပါတယ်။ ငါးချဉ်သုပ်တော့ မယ်ဆိုရင် ဓားနဲ့ အတုံးငယ်ကလေးတွေလှီးပြီး အမြည်းပေးတတ်ပါတယ်။ငါးချဉ်သုပ်တော့မယ်ဆိုရင် ငါးချဉ်တုံး ကို အနေတော်လှီး၊ကြက်သွန်နီ ၊နံနံပင်နဲ့ ငရုတ်သီးအလှော်မှုန့်ဖြူးပြီး ဆီအနေတော်လောင်းသုပ်ရတာမို့ အင်မတန်ကို လွယ်ကူပါတယ်။

 

ရွှေကျင်သူ ရွှေကျင်သားများဟာ ငါးချဉ်သုပ်ပြီဆိုရင် တွဲဖက်ပြီး ခက်လေ့ရှိတာက “  အဟမ်း  ’’  လို့ ခေါ်တဲ့ အရွက်စုံအရည်သောက်ဟင်းပါ။အရွက်စုံလို့ဆိုပေမယ့် ရွှေဖရုံညွှန့်နဲ့ ဆူးပုပ်ကိုတော့ မပါမဖြစ်ထည့်ရပါမယ်။ပဲ ညွှန့်တိုလို အညွန့်မျိုးတွေနဲ့ ငရုတ်ပင်က အညွန့်လေးတွေကိုလည်း ထည့်နိုင်ပါတယ်။ရှေးကတော့ မပါမဖြစ် ထည့်နိုင်ပါတယ်။ရှေးကတော့ မြေအိုးလေးနဲ့  ချက်ကြတာပါ။ “   အဟမ်း   ’’ ဟင်းချက်တော့မယ်ဆိုရင် လတ်လတ်ဆက်ဆက်ငါးပေါက်ကလေးတွေကို သန့်စင်ပြီး ဆား၊နနွင်းနဲ့ ငံပြာရည် သင့်ရုံထည့် ကြက်သွန်ဖြူနီ၊ ငရုတ်ပွခြောက် လေးစိတ်ခွဲ ထောင်းပြီး နယ်ဖတ်နှပ်ထားရပါမယ်။

 

နယ်ဖတ်ထားတဲ့ ငါးလေးတွေ အကြောတင်းလောက်ပြီးဆိုရင် အရေစပ်စပ်ထည့်ပြီးဖို ပေါ်တင်လို့ရပါပြီ။ ခုနောက်ပိုင်းမှာတော့ ငါးအကောင်ကြီးသားတွေကို ခုတ်ထစ်ပြီး သုံးကြပါတယ်။ရေဆူစပြုလာရင် ကုလားအော် ငရုတ်သီးတောင့်  မညက်တညက်ထောင်းနဲ့ စပါလင်အပင်လိုက်ထုပြီ ထည့်ရပါမယ်။အရည်သောက်ချက်မှာမို့ ရေအနေတော်ထပ်ထည့်ပြီး ဟင်းရည်ဆူးပုပ်ခတ်လိုက်ရင် စိမ်းစိမ်းစပ်စပ် အရောင်နဲ့ အရသာရှိတဲ့ အဟမ်း ဟင်းအရည်သောက်ရပါပြီ။ 

 

အဟမ်းဟင်းရဲ့ ထူးခြားချက်ကဆီသုံးဖို့လုံးဝမလိုတာပါပဲ။ရွှေကျင်ငါးချဉ်သုပ်ရဲ့ အချဉ်အရသာနဲ့ စိမ်းစိမ်းစပ်စပ် အဟမ်းဟင်း ပူပူလောလောလေး သောက်လိုက်လို့ကတော့ အဟမ်း….. အဟမ်းဆိုပြီး လည်ချောင်းရှင်း လိုက်ရတဲ့ အရသာက ဘယ်အရာနဲ့မှ မတူလောက်အောင် စွဲမက်စရာကောင်းတယ်လို့ရွှေကျင်သူ ရွှေကျင်သား များက ဆိုကြပါတယ်။

 

စံလွင် (ငါးဦးစီး)