ရေကြည်မြို့နယ်၌ ဆင်စွယ်များသိမ်းဆည်းရမိ

ရေကြည် ၉ ဇူလိုင်


ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ဂွေးတောက်ကျေးရွာအုပ်စု မြောက်စမ်းရွာနှင့် တောင်းစမ်းကျေးရွာချင်းဆက် လမ်းဘေးဆီးပင်အောက်တွင် ဇူလိုင် ၇ ရက် ၈ နာရီခွဲက ဆင်စွယ်နှစ်ချောင်းတွေ့ရှိကြောင်း ကုန်းပြင်နယ်မြေ ရဲစခန်းမှ သိရသည်။


ကုန်းပြင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၇ ရက် ၈နာရီခွဲက မြောက်စမ်းရွာနှင့် တောင်စမ်းကျေးရွာချင်းဆက်လမ်းဘေး ဆီးပင်အောက်တွင် အထုပ်တစ်ထုပ်အား မသင်္ကာဖွယ်တွေ့ရှိကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့် နယ်မြေစခန်းမှူး (ကုန်းပြင်) ရဲအုပ် သန်းလွင် ဦးစီးပြီး ရဲတပ်သားများ၊ သစ်တော ဦးစီးဌာနမှ တောအုပ် ဦးဂျူလိုင်ဇင်ပါနှစ်ဦး၊ ဂွေးတောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွန်း၊ ရပ်မိ/ရပ်ဖ ဦးတင်စိုး၊ ဦးရဲမင်းပိုင် တို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အလျား ၁၄ လက်မ၊ လုံးပတ် ၅ လက်မ (ခေါင်းပိတ် ၄ လက်မ၊ ခေါင်းပေါက် ၁၀ လက်မခန့်) ဆင်စွယ် နှစ်ချောင်းကို တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ပြီး ရေကြည်မြို့နယ်သစ်တော ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


ဆန်းတင့် (ရေကြည်)