ရေကြည်မြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်မေးပွဲဖြေဆိုရန်  စာစစ်ဌာန ကိုးခုရှိပြီး ကျောင်းသား ကျောင်းသူ ၃၉၁၆ ဦး ဝင်ရောက်ဖြေဆိုမည်

ရေကြည်   ၁  မတ် 

ဧရာဝတီတိုင်းဒေသကြီး  ရေကြည်မြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေပွဲဖြေဆိုရန် စာစစ်ဌာန ကိုးခုဖွင့်လှစ်ထားပြီး ကျောင်းသား  ကျောင်းသူ ၃၉၁၆ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများအလိုက် အ.ထ.က ရေကြည်စာစစ်ဌာနတွင် စာဖြေခွင့်ရရှိသူ ၈၅၆ ဦး၊ အ.ထ.က အသုတ်တွင် ၄၅၈ ဦး၊ အ.ထ.က ငါးသိုင်းချောင်းတွင် ၇၈၁ ဦး၊ အ.ထ.က ငပိဆိပ်တွင် ၄၂၄ ဦး၊ အ.ထ.က  ကုန်းပြင်တွင် ၄၅၇ ဦး၊ အ.ထ.က  ကွင်းသုံးဆင့်တွင် ၃၂၈ ဦး၊ အ.ထ.က  ဇရပ်လှတွင် ၂၀၀ ဦး၊ အ.ထ.က  ကမ်းနီတွင် ၂၅၀ ဦး၊ အ.ထ.က  ယိုးဒယာတက်တွင် ၁၆၂ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ   ၃၉၁၆  ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ရေကြည်မြို့နယ် အခြေခံပညာဦးစီးဌာန မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် စာဖြေခန်းများစီစဉ်ခြင်း၊ စာရေးခုံ ထိုင်ခုံများစီစဉ်ခြင်း၊ သောက်သုံးရေစီစဉ်ခြင်း၊ စာဖြေခန်းများအတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် ကျန်းမားရေးကိစ္စများအတွက် ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း ရေကြည်မြို့နယ်  ပညာရေးမှူးရုံးမှ သိရသည်။

ဆန်းတင့်(ရေကြည်)

c