ရေလျော့နည်းသွား၍ ဒေါ်လန်း အထကကျောင်းနှင့် ကျေးရွာအချို့တွင် ကျောင်းများပြန်ဖွင့်

ဘားအံ ၁၄ သြဂုတ်

 

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်မြို့ဒေါ်လန်းကျေးရွာအုပ်စုတွင် မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေကြီးမှုကြောင့် (အထက)ဒေါ်လန်း၊ (အထက)ကွမ်ဖော်၊ (အမက ၂) ရွာကြီး၊ (အမက ၃)အလယ်ရွာ၊ (အမက)ကော့စမူးကျောင်းများအား ဇူလိုင်လ ၂၃ရက်မှစ၍ ရေများကျဆင်းလာသည်အထိ ယာယီပိတ်ထားခဲ့ရာ သြဂုတ်လ ၁၃ရက်နေ့တွင် (အမက ၂)ရွာကြီး၊ (အမက ၃) အလယ်ရွာ၊ (အမက)ကော့စမူးကျောင်းများ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ဒေါ်လန်း(အထက)ကျောင်းမှာ နဝမတန်းနှင့်ဒသမတန်း အတန်းများဖွင့်လှစ်ပြီး (အလက)ကွမ်ဖော်ကျောင်းမှာ ရေကြီးနစ်မြုပ်၍ ဆက်လက်ပိတ်ထားခဲ့ရကြောင်း သိရသည်။

 

စောဖိုး(ပြန်/ဆက်)