ရေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ငါးလှန်းကြပ်စင်များများ ပြိုကျ

ရေး      ၂၀   စက်တင်ဘာ

 

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယမန်နေ့ညအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ဇီးဖြူသောင်ကျေးရွာနှင့် အံဒင်ကျေးရွာအုပ်စု ဓမင်းဆိပ်(ရွာသစ်)တို့တွင် လူနေအိမ်နှင့် ငါးလှန်းကြပ်စင်များ ပြိုကျခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဇီးဖြူသောင်ကျေးရွာတွင် ဝါး၊ ဓနိဖြင့် ဆောက်လုပ် ထားသည့် လူနေအိမ် (၇)လုံး ပြိုကျ၊ အိမ် (၆)လုံး ယိုင်နဲ့ခြင်းနှင့် အိမ်(၁)လုံးတို့မှာ သစ်ပင်ပိခြင်း များနှင့် ပင်လယ်ရေလှိုင်းကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်ပြီး ကျေးရွာအတွင်း ပင်လယ် ရေများဝင်ရောက်လျက်ရှိပြီး လယ်ကွင်းများ၌ တားတံမံကျိုးပေါက်ခြင်းများ ဖြစ်ပွားခဲ့သည်။

 

ထို့နောက် အံဒင်ကျေးရွာအုပ်စု ဓမင်းဆိပ်(ရွာသစ်)တွင်လည်း လူနေအိမ် (၄)လုံးနှင့် ငါးလှန်းကြပ်စင်(၂၃)ခု ပြိုကျ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်ပြန်ဆက်