ရေးမြို့တွင် မြန်မာ့ဝူရှူးအဖွဲ့ချုပ်မှ ဝူရှူး ကျူဒိုအားကစားနည်းကို တစ်လကြာသင်ကြားပို့ချ

ရေး ၂၁ မေ

 


မွန်ပြည်နယ် ရေးမြို့ ပြည်သူ့အားကစားရုံနှင့် အစင်ကျေးရွာရှိ  နေရာနှစ်နေရာတွင် မြန်မာ့ဝူရှူး အဖွဲ့ချုပ်မှ ဝူရှူး ကျူဒိုအားကစားနည်းကို တစ်လကြာ လာရောက်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။ 

 

ုူျ

 


“မျိုးဆက်သစ်လူငယ်တွေ ဝူရှူးနဲ့ ကျူဒိုအားကစားသမားများ ပေါ်ပေါက်လာစေရန်နဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်နဲ့ မိမိတို့ကိုယ်တိုင် ကာကွယ်တတ်ရန် ဒီပညာရပ်ကနေ အသုံးချတတ်ရန်အတွက် သင်ကြားပို့ချပေးတာ ဖြစ်ပါတယ်” ဟု သင်တန်းနည်းပြတစ်ဦးမှ ပြောသည်။

 

ငစ

 


အဆိုပါ သင်တန်းတွင် ဝူရှူးနှင့် ကျူဒိုအားကစားနည်းအခြေခံများကို နည်းပြများဖြစ်သည့်  မြန်မာ့ဝူရှူးနှင့် ရေးမြို့မှ အားကစားမှူးတို့က လက်တွေ့သင်ကြားပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူ သင်တန်းသား  စုစုပေါင်း ၁၇၀ ဦး တက်ရောက်သင်ကြားလျက်ရှိသည်။ 

 


နေမျိုးထွဋ် (ရေး)

 

ငူဒ

 

 

စ