ရွှေမင်းဝံဆရာတော်ကြီးက ရွှေဘိုမြို့ ခုတင် ၂၀ဝ ဆံ့ ဆေးရုံကြီးသို့ ကျောက်ကပ်သွေးသန့်စင်စက်၊ မီးစက်နှင့် ကွန်ကရစ်လမ်းအတွက် စုစုပေါင်းငွေကျပ်သိန်း  ၂၀၀ ကျော်  လာရောက်လှူဒါန်း

ရွှေဘို ၁ ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ခုတင် ၂၀၀ ဆံ့ဆေးရုံ၊ ကျောက်ကပ်ဆေးကုဆောင်ခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီ က မဟာကမ္မဌာနစရိယ အဂ္ဂမာကမ္မဌာနစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ရန်ကုန်မြို့ ရွှေမင်းဝံသာသနာ့ရိပ်သာများ၏ ဦးစီးပဓာန မဟာနာယက မဟာစည်ဩဝါဒါစရိယ ပြည်တွင်းပြည်ပ သာသနာပြု ရွှေမင်းဝံဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သောဘနက ကျောက်ကပ်ဝေဒနာရှင်များအတွက် ရည်ရွယ်၍ ကျောက်ကပ်တုသွေးသန့်စင်စက်တစ်လုံး၊ တန်ဖိုး ငွေကျပ် ၁၇၅၀၀၀၀၀၊ မီးစက်တစ်လုံး တန်ဖိုးငွေကျပ် ၅၀၀၀၀၀၀ နှင့် ကျောက်ကပ်ဆေးခန်းသွားရာလမ်း အကျယ်ငါးပေ၊ အရှည်ပေ ၅၀ အတွက် ကုန်ကျငွေကျပ် ၅၀၀၀၀၀ စုစုပေါင်းငွေကျပ် ၂၃၀၀၀၀၀၀ ကို လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဆရာတော်ကြီးက လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ရေစက်ချလှူဒါန်းခဲ့သည်။ ဆက်လက်ပြီး ရွှေဘိုမြို့ ခုတင်ဆံ့ ၂၀ဝ ဆေးရုံအုပ်ကြီး ဒေါ်စောကလျာအောင် က ဆရာတော်ကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

ထို့နောက်  ကျောက်ကပ် သန့်စင်စက်၊ မီးစက်နှင့် ကွန်ကရစ်လမ်းများ လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

စိုးသီဟ(ရွှေဘို)