ရေနံချောင်း၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၀) သင်တန်းဖွင့်ပွဲ ကျင်းပ

ရေနံချောင်း ၆ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ကြီမှူးဖွင့်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၀) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသာချိုနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းနိုင်ဦးက မီးဘေးအန္တရာယ်ဖြစ်ပေါ်ပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်ရန်အတွက် အရေးပေါ် မီးငြိမ်းသတ်နည်း များနှင့် စက်ကိရိယာကိုင်တွယ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား ၅၀ အတွက် အရန်မီးသတ်ဝတ်စုံများအား ပေးအပ်ခဲ့သည်။

 

အဆိုပါ သင်တန်းကို ဇန်နဝါရီ ၆ ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စုများမှ သင်တန်းသား ၅၀ တက်ရောက်ကြောင်း သိရသည်။

 

ကိုစိုးကြီး