ရေနည်းမည့်အ‌ခြေအနေ

နေပြည်တော် ၃၁ မတ်

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၃၁.၃.၂၀၂၀) ရက်နေ့တွင် ရေနည်းမည့်အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။

ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့ တွင် (၃၀၉) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၄) ရက်အတွင်း ယင်းမြို့ ၏ ရေနည်းသတိပေးမှတ် (၃၆၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မုံရွာမြို့ တွင် (၈၅) စင်တီမီတာသို့ ရောက်ရှိ နေပါသည်။ အဆိုပါမြစ်ရေသည် လာမည့် ဧပြီလ ပထမ(၁၀)ရက်ပတ်အတွင်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၁၀ဝ) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန