ရေဖြူမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် သေဆုံး

ရေဖြူ   ၂၄  ဇူလိုင်

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်း မိုင်တိုင် (၂၀/၄)နှင့် မိုင်တိုင်(၂၀/၃)အကြား 5N/---- မှန်လုံအမြန်ယာဉ်သည် နံနက် ၃ နာရီခွဲခန့်က လမ်းချော်ပြီး လမ်းဘေး ရေမြောင်းအတွင်း ထိုးကျကာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးမျိုးမင်းလှိုင်(၄၆ နှစ်)နှင့် ယာဉ်နောက်လိုက် ဦးဘုန်းမြင့်မောင်တို့ သေဆုံးကာ ယာဉ်ပေါ်ပါခရီးသည်(၁၄)ဦးအနက် အမျိုးသား(၆)ဦး၊ အမျိုးသမီး (၆)ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။

 

ထိခိုက်ဒဏ်ရာရရှိသူများအား တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်နှင့် ရေဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်းများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ကာ ရေဖြူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ် ပြန်/ဆက်