ရွှေပြည်သာမြို့နယ်အမှတ်(၁၄)ရပ်ကွက်၌မီးလောင်မှုဖြစ်ပွား

ရွှေပြည်သာ  ၂၁ ဒီဇင်ဘာ 

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့နယ် အမှတ်(၁၄)ရပ်ကွက် အောင်ချမ်သာလမ်းရှိ ဦးထိန်လှဝင်းနေအိမ်၌ ဒီဇင်ဘာ ၂၀ ရက် ညပိုင်းက ဘုရားစင်ပေါ်တွင်ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ ဖယောင်းတိုင်လဲ၍မီးကူး စက်လောင်ကျွမ်းခဲ့ကြောင်း သိရသည။

 

မီးလောင်ရာသို့ ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် (၁၃)စီး ကွပ်ကဲမှုယာဉ် ၂ စီးသန္ဓေမီးသတ်(၈၅)ဦး အရန်မီးသတ်(၆၀)နှင့် ရပ်ကွက်နေပြည်သူများ ဖြင့်ဝိုင်ဝန်းငြိမ်းသတ်ရာ ၉ နာရီ ၁၈ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 

 မီးလောင်မှုဖြစ်စဉ်ကြောင့် ပိုင်ရှင်ဦးထိန်လှဝင်း ကို  လှော်ကားရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)