ရွှေသောင်ယံကမ်းခြေတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ လာရောက်ရိုက်ကူး

mdn

ရွှေသောင်ယံ  ၂၂ နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ်၊ရွှေသောင်ယံမြို့အမှတ်(၃)ရပ်ကွက်ကမ်းခြေရှိ D&W ဟိုတယ်တွင် ယနေ့ နံနက်ပိုင်း မှ စတင်၍ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်၏ ဇာတ်ဝင်ခန်းအချို့ကို စတင်ရိုက်ကူးလျက်ရှိသည်။

 

လက်ရှိတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီဌာနညွှန်ကြားရေးမှူး ဦးမြတ်သူ၊ ဒါရိုက်တာ လူမင်းနှင့် ခင်စံပယ်ဦးနှင့် သရုပ်ဆောင်များဖြစ်ကြသည့် ကျော်ကျော်မျိုး၊ အောင်မင်းခန့်တို့ အပါအဝင် ယဉ်ကျေးမှုသင်တန်းသား(၂၈)ဦးနှင့် အနုပညာရှင်များစွာတို့ ပါဝင်ရိုက်ကူးလျက်ရှိပြီး ရိုက်ကူးရေးကာလမှာ (၁၀)ရက်ခန့်ကြာမြင့်မည်ဟု သိရသည်။

 

ကိုကိုမောင်  (ရွှေသောင်ယံ ပြန်/ဆက်)

 

mdn