ရေတာရှည်မြို့နယ်တွင် ညမထွက်ရအမိန့်အား မလိုက်နာသူ ၅ ဦးအား အရေးယူဆောင်ရွက်

ရေတာရှည်  ၂၇  ဧပြီ

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး နှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မည်သူမဆို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ နေ့စဉ် ည ၁၀ မှ နံနက် ၄ နာရီအထိ ပြင်ပသို့ လုံးဝထွက်ခွာခြင်း မပြုရန်နှင့် ထုတ်ပြန်ထားသည့် အချက် ၅ ချက်အား တိကျစွာလိုက်နာကြရန် ဒေသန္တရအမိန့်များ ထုတ်ပြန်ထားခဲ့သည်။

 

 ဧပြီ ၂၆ ရက် ည  ဝ၀ နာရီ မိနစ် ၃၀ ခန့်က  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ သဘာဝဘေးအန္တရာယ်တားဆီးကာ ကွယ်ရေးအဖွဲ့တို့ပူးပေါင်း၍ ရေတာရှည်မြို့ပေါ် ရပ်ကွက်များသို့ လိုက်လံစစ်ဆေးခဲ့ရာ အမှတ် ၃ ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမပေါ်တွင် လုံလောက်သော အကြောင်းပြချက် မရှိဘဲ ည ၁၂ နာရီကျော်အချိန်  ပြင်ပသို့သွားလာနေကြသည့် တင်မျိုးကျော် ၃၆ နှစ်၊အမှတ် ၁ ရပ်ကွက်၊ ရေတာရှည်မြို့၊ အေးမင်းဦး ၂၆ နှစ်၊အမှတ် ၁ ရပ်ကွက်၊ ရေတာရှည်မြို့၊ မောင်နိုင် ၃၄ နှစ်၊ အမှတ် ၃ ရပ်ကွက်၊ ဆွာမြို့၊ သီဟသူ ၂၈ နှစ်၊ ရှမ်းရွာ၊ ဆွာမြို့၊ နေဝင်း ၂၇ နှစ်၊ စည်ပိုင်းကျေးရွာ၊ ဆွာမြို့နေသူတို့ ၅ ဦးအား တည်ဆဲဥပဒေဖြင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

 

ကိုလွင်(ဆွာ)