ရွှေတောင်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၆)လုံးယာယီပြောင်းရွှေ့

ရွှေတောင် ၁၆   ဇူလိုင်

                                   

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် တရုတ်မှော်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၆)လုံးအား အန္တရာယ်လွတ်ကင်းမည့်နေရာများသို့ ယာယီ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါမြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု(၆)စုအတွင်းရှိ အမျိုးသား(၉)ဦး၊ အမျိုးသမီး (၇)ဦး စုစုပေါင်းလူဦးရေ(၁၆)ဦးရှိ လူနေအိမ်(၆)လုံးအား အန္တရာယ်လွတ်ကက်းမည့် နေရာများသို့ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ယာယီပြောင်းရွှေ့ထားရှိခဲ့ကြောင်း သိရသည်။  

 

မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စုများအား ယာယီနေထိုင်နိုင်ရေး လိုအပ်သည့် ထောက်ပံ့ကူညီမှုများရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ညိှနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကမ်းပြိုကျမှုကြောင့် လူ၊ တိရစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။                

 

ကိုကိုမင်း(ပြန်/ဆက်)