ရွှေတိဂုံစေတီတော်မြတ်ကြီးသို့  ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ပြည်တွင်းပြည်ပ ဘုရားဖူး ၁၈ သိန်းကျော် ဖူးမြော်ခဲ့

ရန်ကုန် မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ သိင်္ဂုတ္တရကုန်းတော်၌ တည်ထားတော်မူသည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်သို့ ပြည်တွင်း ပြည်ပမှ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြော်လျက်ရှိရာ ၂၀၂၃ ခုနှစ်၏ နှစ်ဦးကာလ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ နှစ်လတာကာလအတွင်း ပြည်တွင်း ပြည်ပ ဘုရားဖူး ၁၈၃၅၀၇၅ ဦးကျော် ဝင်ရောက်ဖူးမြော်ကြည်ညို ကုသိုလ်ယူခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှ သိရသည်။

စာရင်းအရ ဇန်နဝါရီလတွင် သံဃာတော် ၁၂၄၇၁ ပါး၊ သာသနာ့နွယ်ဝင် သီလရှင် ၇၇၇၃ ပါး၊ အမျိုးသား ၄၁၀၆၆၅ ဦး၊ အမျိုးသမီး ၅၁၈၃၃၈ ဦး၊ နိုင်ငံခြားသား ၂၆၇၇ ဦးနှင့်  နိုင်ငံခြားသူ ၂၆၃၂ ဦး  စုစုပေါင်း ၉၅၄၅၅၆ ဦးရှိခဲ့ကြောင်း၊  ဖေဖော်ဝါရီလတွင် သံဃာတော် ၁၀၅၃၂ ပါး၊ သာသနာ့နွယ်ဝင် သီလရှင် ၅၁၅၅ ပါး၊ အမျိုးသား ၃၉၀၆၂၆ ဦး၊ အမျိုးသမီး ၄၆၈၀၄၄ ဦး၊ နိုင်ငံခြားသား၂၉၅၆ ဦးနှင့်  နိုင်ငံခြားသူ ၃၂၀၆ ဦး စုစုပေါင်း ၈၈၀၅၁၉ ဦး အသီးသီးရှိခဲ့သည်။

သတင်း-ပွင့်သစ္စာ၊ ဓာတ်ပုံ-စိုးမြင့်အောင်