ရေဦးမြို့နယ် ပေကုန်းကျေးရွာ၌  မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ရေဦး ၁၈ ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး ရေဦး မြို့နယ် ပေကုန်းကျေးရွာ၌ ဧပြီ ၁၇ ရက် နံနက်ပိုင်းက မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဧပြီ ၁၇ ရက် နံနက် ၀၀ နာရီ ၃၀ မိနစ်ခန့်က ရေဦးမြို့နယ်၊ ရွာဗုကြီးကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာ၌ မီးလောင်နေကြောင်း သိရသဖြင့် တာဝန်ရှိသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရခြင်းမှာ အိမ်ရှင် ဒေါ်ရွှေမိ၏ မီးဖိုတဲ မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိထရံသို့ မီးကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မီးလောင်မှုကြောင့် အုတ်ခံနှစ်ထပ်လူနေအိမ် အပေါ်ထပ်နှင့် သက္ကယ်မိုး၊ ထရံကာ၊ မြေစိုက် မီးဖိုတဲတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

မီးလောင်မှုကြောင့်  ဒေါ်ရွှေမိအား ရေဦး  မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မိုးသောက်(ရွှေဘို)