ရေဦးမြို့နယ် ရှမ်းဆိပ်ကျေးရွာ၌ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ရေဦး   ၇  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ရှမ်းဆိပ်ကျေးရွာ၌ ဧပြီ ၆ ရက်  ညနေပိုင်းက မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးမြင့်ထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ဧပြီ ၆ ရက် ညနေ ၅ နာရီခန့်က ရေဦးမြို့နယ် ရှမ်းဆိပ်ကျေးရွာ၌ မီးလောင်နေကြောင်း သတင်းအရ ရေဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်ပိုင်ဖြိုး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ မုံတိုင်ပင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ကန့်ဘလူမြို့နယ် ကာဘိုးနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး၊အရန်မီးသတ် တပ်ဖွဲ့ဝင် (၁၅) ဦး၊ ရဲတပ်ဖွဲ့ဝင် (၇) ဦးနှင့် ကျေးရွာနေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ ည ၆ နာရီ မိနစ် ၂၀  တွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

637

 

အိမ်ရှင် ဦးအောင်မြင့်ထွန်း (၃၉ နှစ်) ၏ နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးပွားလွှင့်စင်၍ နွားစာတဲ ထန်းရွက်မိုးသို့ မီးကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အိမ်ရှင် ဦးအောင်မြင့်ထွန်း၏ သွပ်မိုး၊ ထရံကာ၊ အုတ်ခင်းနှစ်ထပ်နေအိမ်တစ်လုံး၊ ထန်းရွက်မိုး မြေစိုက် နွားစာတဲ တစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ ဆန်နှစ်တင်းနှင့် ဦးကျော်နိုင်ထွန်း၏ သွပ်မိုး ထရံကာ မြေစိုက်နှစ်ထပ နေအိမ်တစ်လုံး၊ ထန်းရွက်မိုး မြေစိုက် နွားစာတဲတစ်လုံး၊ နွားစာစင်းစက်တစ်လုံး၊ ရေစုပ်စက်တစ်လုံး၊ စပါး(၃၀) တင်း၊ ဆန် (၃) တင်း၊ ပဲနီ (၃) တင်း၊ မြေပဲ (၈) တင်း၊ ကြက်သွန်ဖြူ (၂၅ ) ပိသာ၊ မြေပဲဆီ ပိဿာ (၂၀)  ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးအောင်မြင့်ထွန်းအား ရေဦးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)