ရေဦးမြို့နယ်တွင် နိုင်ငံတော်ဓာတ်အားသုံးစနစ်ဖြင့် ကျေးရွာ ၂၈ ရွာမြောက် မီးလင်းပြီ

ရေဦး ၉ ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် နိုင်ငံတော်ဓာတ်အားသုံးစနစ် ပထမအဆင့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)ကို လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာန မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေးလုပ်ငန်းက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

2918

 

ရေဦးမြို့နယ်တွင် ကျေးရွာပေါင်း ၁၉၁ ရွာရှိပြီး အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းဖြင့် ကျေးရွာပေါင်း ၅၆ ရွာကို လျှပ်စစ်မီးလင်းရေး အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ ကျေးရွာအရောက် လျှပ်စစ်ထရန်စဖော် တည်ဆောက်ခြင်းနှင့် (11/KV) ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများကို အေဘယ်၀င်းနားကုမ္ပဏီက တာ၀န်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာတွင်း လမ်းမီးလင်းစေရေး ကျေးရွာမီးလင်းရေး ကော်မတီက တာ၀န်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေဦးမြို့နယ်တွင် ၂၈ ရွာမြောက် ကျေးရွာဖြစ်သော ကံသာကျေးရွာ၌ ကျေးရွာလျှပ်စစ်မီးလင်း‌ရေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၅ နာရီက ကျင်းပခဲ့ရာ   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးမြင့်ထွေးနှင့် မြို့နယ်တာ၀န်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

သန်းသန်း (ရေဦး)