ရိခေါ်ဒါရ်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်

ရိခေါ်ဒါရ်     ၂၉   ဇူလိုင်    

 

ချင်းပြည်နယ်၊  ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ပြည်သူ များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်  ၉ နာရီခွဲက သက်ဆိုင်ရာ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခြေခံလူတန်းစားများအတွက် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အထောက်အကူ ဖြစ်စေရန် ပုံမှန်ဝင်ငွေမရှိသည့်  အခြေခံလူတန်းစားအိမ်ထောင်စုအလိုက်  နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်လူငယ်အဖွဲ့များက ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်နှစ်ခုရှိ ပုံမှန်ဝင်ငွေမရှိသည့်  အခြေခံလူတန်းစား ပြည်သူများ အိမ်ထောင်စု (၂၂၀)ထံသို့  အိမ်တိုင်ရာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရိခေါ်ဒါရ် ပြန်/ဆက်)