ရိခေါဒါရ်၌ ဟွာလ်ငို ချင်းစာပေသင်ကြားရေးဆိုင်ရာ နည်းပြသင်တန်းဖွင့်

ရိခေါဒါရ် ၉ ဇွန်

 

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ဟွာလ်ငိုချင်းစာပေမြို့နယ်ကော်မတီ၏စီစဉ်မှုဖြင့် ဟွာလ်ငို ချင်းစာပေသင်ကြားရေးဆိုင်ရာနည်းပြသင်တန်းဖွင့်ပွဲကို ဇွန် ၈ ရက် နံနက် ၉ နာရီက ရိခေါဒါရ်မြို့လူထု အခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ဟွာလ်ငိုချင်းစာပေ KG ဆရာလက်ကိုင်ပြုစုရေးကော်မတီဥက္ကဋ္ဌ ဦးလာလ်လျန်ချုံးငါက အဖွင့်အမှာစကားပြောကြားပြီး ရိခေါဒါရ်မြို့အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလာလ်ချန့်လျန်နာက ဟွာလ်ငို ချင်းစာပေသင်ကြားရေးဆိုင်ရာများ ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ဟွာလ်ငိုချင်းစာပေသင်ကြားရေးဆိုင်ရာ နည်းပြသင်တန်းကိုဆက်လက်ကျင်းပပြုလုပ်ရာ ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာ (၂၁)ရွာမှဟွာလ်ငိုချင်းစာပေသင်ကြားရေးနည်းပြ ဆရာ ၊ဆရာမများအား ဟွာလ်ငိုချင်းစာပေKG ဆရာလက်ကိုင်ပြုစုရေးကော်မတီဥက္ကဋ္ဌ ဦးလာလ်လျန်ချုံးငါ နှင့် အတွင်းရေးမှူး ဒေါ်တလန်းထန်မွဲအီးတို့က စာပေ၊ ဘာသာရပ်များ သင်ကြားရေးဆိုင်ရာနည်းလမ်းများကို စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 

ဟွာလ်ငိုချင်းစာပေသင်ကြားရေးဆိုင်ရာ ဘာသာရပ်များကို သုံးမျိုးဖြင့်ပြုစုခြင်းဖြစ်ပြီး Grade 1, Grade 2 နှင့် Grade 3 ဟူ၍ ခွဲခြားပြုစုခဲ့ရာမူလတန်းအဆင့် ကျောင်းသားကျောင်းသူများအားသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဟွာလ်ငိုချင်းစာပေကိုဖလမ်းမြို့နယ်အတွင်း ၌ကျေးရွာပေါင်း (၂၁)ရွာ၊ တီးတိန်မြို့နယ် ၌ရှစ်ရွာနှင့် ပလက်ဝမြို့နယ်၌ ငါးရွာစသည်ဖြင့် ချင်းပြည်နယ်အတွင်း ကျေးရွာပေါင်း (၃၄) ရွာ၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် သင်ကြားသွားမည်ဖြစ်ကြောင်း ဟွာလ်ငိုချင်းစာပေ KG ဆရာလက် ကိုင်ပြုစုရေးကော် မတီဥက္ကဋ္ဌထံမှ သိရသည်။

 

(မြို့ ပြန်/ဆက်)