ရိုက်ကူးရေးအဖွဲ့ဝင်များကို လေ့ကျင့်ပေးမည့်ကျောင်း ဂျော့ဂျ်ကလုံနီနှင့် သူငယ်ချင်းများ ဖွင့်လှစ်မည်

ကျော်ကြားတဲ့ ဟောလိဝုဒ်ကြယ်ပွင့်တစ်ဦးဖြစ်သူ ဂျော့ဂျ်ကလုံနီဟာ သူငယ်ချင်းတွေနဲ့ တွဲဖက်ကာ ဟောလိဝုဒ်မှာ ကျင်လည်နေတဲ့ရိုက်ကူးရေးသမားတွေအတွက် လေ့ကျင့်ရေးကျောင်းတစ်ခု ဖွင့်လှစ်ပေး ဖို့ရာ လုပ်ဆောင်နေကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့  ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဂျော့ဂျ်ကလုံနီနဲ့ သူ့ရဲ့သူငယ်ချင်းတွေဖြစ်ကြတဲ့ ကာရီဝါရှင်တန်၊ ဒန်ချက်ဒဲလ်တို့ဟာ လော့စ်အိန်ဂျလိစ် ပညာရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းကာ ဆယ်ကျော် သက်အရွယ်တွေအတွက် ရိုက်ကူးရေး လုပ်ငန်းမှာလိုအပ်တဲ့ အတတ်ပညာရပ်ပိုင်းဆိုင်ရာတွေကို လေ့ကျင့်ပေးမယ့် ကျောင်းတစ်ကျောင်း ဖွင့်လှစ်သွားဖို့ရာ ကြိုးပမ်းနေတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကျောင်းမှာ ရုပ်ရှင်အတတ်ပညာ၊ မီးအလင်းအမှောင်၊ အမြင်ပိုင်းဆိုင်ရာ အထူးပြုလုပ် ချက်များနဲ့ ဟောလိဝုဒ်မှာလိုအပ်တဲ့ အတတ်ပညာများကို လေ့ကျင့်ပေးကာ လူငယ်တွေအနေနဲ့ ဝင်ငွေ ကောင်းတဲ့ အလုပ်တွေရရှိဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ အဆိုပါသင်တန်းကျောင်းကို ၂၀၂၂ ခုနှစ် အတွင်း စတင်ဖွင့်လှစ်နိုင်ဖို့ရာ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

အေးပြည့်